အဆိုတော်လွှမ်းပိုင်ကတော့ ဟစ်ဟော့အဆိုတော်လို့ မပြောရဘူး ဖက်ရှင်ကတော့ လန်းလွန်းပါတယ် ပရိသတ်ကြီးရေ။
နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲ လူငယ်အဆိုတော် လွှမ်းပိုင်ဟာ အမိုက်စား Rap စာသားတွေရွတ်ဆိုနိုင်တာကြောင့်လည်း နာမည်ကြီးနေတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။
လူငယ်ကြိုက်သီချင်းတွေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိနေတဲ့ လွှမ်းပိုင် ဟာ ဖက်ရှင်ကိုရူးသွပ်သူဖြစ်တာကြောင့်လည်း အဝတ်အစားဝတ်ဆင်မှုအပိုင်းမှာလည်း ဖက်ရှင်ကျကျဝတ်ဆင်တတ်သူဖြစ်ပါတယ်။
ရက်ပါ တစ်ယောက်ပီပီ အထာကျကျလန်းနေတဲ့ လွှမ်းပိုင်ရဲ့ ဆောင်းရာသီ ဖက်ရှင်တွေကို သူ့ရဲ့ ဖေ့ဘုတ်အကောင့်မှာ တင်ထားတာတွေ့ရပါတယ်။
လွှမ်းပိုင်ကိုချစ်တဲ့ ပရိသတ်တွေအတွက် သူ့ရဲ့ အမိုက်စားဖက်ရှင်ပုံတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
လွှမ်းပိုင်ဟာ အနုပညာအလုပ်အပြင် ချစ်သူဖြစ်တဲ့ Bobby Soxer နဲ့အတူ စပ်တူစီးပွားရေးလုပ်ငန်းအဖြစ် Highskool ဖက်ရှင်ဆိုင်လေးတစ်ဆိုင်ကို ဖွင့်လှစ်ထားတာ လပိုင်းလောက်သာရှိပါသေးတယ်။
ဇာတ်ကားတွေလည်း ရိုက်ကူးထားရတဲ့ လွှမ်းပိုင် ဟာ အဆိုပိုင်းသာမက သရုပ်ဆောင်မှုအပိုင်းမှာလည်း ပရိသတ်အားပေးမှုရရှိနေတာဖြစ်ပါတယ်။
လွှမ်းပိုင် ရဲ့ ဖက်ရှင်တွေကို ကြွေသွားပြီလား ပရိသတ်ကြီးရေ။
Source : Hlwan Paing fb

Comments
Post a Comment