မယုံကြည်နိုင်စရာ အသက် ၅၀ဆိုပေမယ့်သားတွေနဲ့ရွယ်တူတန်းတူ ဖြစ်နေတဲ့ နုပျိုလှပလွန်းတဲ့ မေမေ




တကယ့်ကို မယုံကြည်နိုင်စရာပါပဲ။ ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် ကျောင်းသားလူ ငယ်ကောင် လေးနှစ်ယောက်နဲ့ အတန်းဖော် မိန်းကလေးတစ်ယောက်ပုံပါ။ ဒါပေမယ့် ဒါဟာ ဘွဲ့ရကျောင်းသား သားနှစ်ယောက်နဲ့ မိခင်ဖြစ်သူပဲ ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၅၀ အရွယ်ရှိနေပြီဖြစ်တဲ့ သားနှစ်ယောက်မိခင်တစ်ဦးဟာ တကယ့်ကိုပဲ နုပျိုပြီးလှပလွန်းတာ ဘယ်လိုအကြောင်းအရင်း ကြောင့်မှန်းတောင်မှန်းလို့ မရနိုင်တော့ပါဘူးနော်။



အင်ဒိုနီးရှားက အသက် ၅၀ နှစ်အရွယ် အမျိုးသမီး ပူစပါဒီဝီက သူမရဲ့ မွေးနေ့အမှတ်တရ သားနှစ်ဦးနဲ့ ရိုက်ယူထားတဲ့ ဓာတ်ပုံတစ်ပုံကို ဆိုရှယ်အကောင့်မှာ တင်ထားခဲ့ရာကနေ လူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ သားဖြစ်သူ ဒန်းနစ်ဆိုသူက မိခင်ရဲ့ မွေးနေ့ကိတ် အသက် ၅၀ လို့ ရေးထားတဲ့ ကိတ်မုန့် ကို ကိုင်ပေးထားကာ မိခင်ဖြစ်သူကို အနမ်းချွေနေတဲ့ ဓာတ်ပုံတစ်ပုံပဲဖြစ်ပါတယ်။ ဒါဟာ ဆိုရှယ်မှာ အသုံးပြုနေတဲ့ သူတွေကို တကယ့်ကို အံ့အားသင့်သွားစေခဲ့ပါတယ်။



အသက် ၅၀ လို့သာ ပြောထားပေမယ့် သားဖြစ်သူနဲ့ သက်တူရွယ်တူနဲ့ သားဖြစ်သူရဲ့ မိန်းကလေးလို့ တောင် ထင်ရမယ့် မိခင်ရဲ့ နုပျိုလှပမှု၊ အရွယ်တင်ပျိုမျစ်မှုက အံ့အားသင့်စရာကောင်းလှပါတယ်။ အ သက်ထက်ဝက်ခန့် ငယ်တယ်လို့ ထင်ရမယ့် အဆိုပါ အမျိုးသမီးဟာ ခင်ပွန်းဖြစ်သူနဲ့ ဘွဲရပြီး သားနှစ်ယောက်တို့ ရှိပြီးတော့ သူမဟာ ခန္ဓာကိုယ်ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစား လေ့ကျင့်ခန်းကို အစဉ်တစိုက် အမြဲလေ့ကျင့်နေပြီးတော့ ခန္ဓာကိုယ်ထိန်းသိမ်းခြင်းတွေကိုလည်း ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။ နောက်ပြီး သူမရဲ့မိသားစုမှာလည်း ဂျာကာတာမှာ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းကို ဦးစီးလုပ်ကိုင်နေကာ မိသားစု ပျော်ရွှင်စွာနေထိုင်နေတယ်လို့လည်း သိရပါ တယ်။



from @မေ(ရွှေအင်းလေး)

Comments