ဒီတစ်ပုဒ်ကိုတော့ ကိုယ်တိုင်သီဆိုထားတယ် ဆိုတဲ့ ဖိုးလပြည့်ရဲ့ MTV အသစ်





သီချင်းတွေကို cover သီဆိုပြီး MTV လေးတွေ သူ့ရဲ့ အကောင့်မှာ တင်ပေးနေကျ ဖိုးလပြည့်က အခု တစ်ခေါက်မှာလည်း MTV Cover သီချင်း အသစ်တပုဒ်ကို တင်ဆက်လိုက်တာပါ။ သီချင်းရဲ့ နာမည်ကတော့ Taking Back My Love လို့ အမည်ရပြီး မူရင်း အဆိုတော် Enrique Iglesias နဲ့ Ciara တို့ သီဆိုထားတာ ဖြစ်ပါတယ်။ အခု cover သီချင်းကိုတော့ ဖိုးလပြည့်ကိုယ်တိုင် သီဆိုထားတာပါ။






“ဒီတစ်ပုဒ်ကိုတော့ ကျွန်တော်ကိုယ်တိုင်သီဆိုထားပါတယ်.. HD နှိပ်ကြည့်ရင် ရုပ်/သံ ပိုကောင်းပါလိမ့်မယ်..တွဲဘက်သီဆိုသူက TTC က ကျနော့်ကျောင်းနေဘက်သူငယ်ချင်း Grace Myint Htoo ဖြစ်ပါတယ်” လို့သူက အဆိုပါ MTV ရဲ့ အောက်မှာ ပြောပြထားခဲ့ပါတယ်။




သူ့အနေနဲ့ cover song လေးပုဒ်တင်ခဲ့ဖူးပြီး သုံးပုဒ်ကိုတော့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ် မီးမလောင်ခင်မှာ ရိုက်ကူးခဲ့တာပါ။ အခု MTV ဖြစ်တဲ့ Taking Back My Love ကိုလည်း အဆိုပါ ဟိုတယ်မှာပဲ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဖိုးလပြည့်နဲ့ Grace တို့က ပါဝင်ထားတဲ့ အပြင် ထူးထူးခြားခြား အနေနဲ့ မြန်မာပြည်သိန်းတန်ကိုလည်း ဒီသီချင်းမှာ ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရမှာပါ။




ဖိုးလပြည့်ရဲ့ Taking Back My Love cover song ကို သူ့ရဲ့ Facebook အကောင့်ဖြစ်တဲ့ Nay Shwe Thway Aung အကောင့်မှာ တင်ထားတာ ဖြစ်ပြီး ကြည့်ရှုသူ 328 K ရှိနေပြီပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်နဲ့ အဆိုတော်ဖြစ်သူ ထွန်းထွန်းကတော့ မိုက်တယ်လို့ MTV အောက်မှာ comment ပေးထားခဲ့တယ်။







ဆက်ဖတ်ရန် Link ကိုနှိပ်ပါ...
➥  https://just4444you.blogspot.com/

Credit - Zin


Comments