ကွန်ပျုတာ မလိုပဲ ဖုန်းဖြင့် ပုံတွေကို ချစ်စရာကောင်းတဲ့ ကာတွန်းပုံတွေဖြစ်အောင် လုပ်နည်း

မိမိရဲ့ ပုံတွေကို ကာတွန်းပုံလေး ဖြစ်အောင် လုပ်နည်း မသိတဲ့သူတွေအတွက် နည်းလမ်း တင်ပေးလိုက်ပါတယ်။

ဒီနည်းလမ်းဟာ ကွန်ပျုတာမလိုပဲ ဖုန်းနှင့် ပုံတွေကို ချစ်စရာကောင်းအောင် အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ အသုံးပြုရမယ့် ဆော့ဝဲလ်က Meitu Application ပါ။




ဘယ်လို လုပ်ရမလဲဆိုတာ အောက်မှာ ပုံနှင့် ကြည့်ပါ။

အဆင့် (1)- သင့်ဖုန်းရဲ့ အင်တာနက်ကို ဖွင့်ပြီး Meitu ဆော့ဝဲလ်ထဲကို ၀င်ပါ။ ပြီးရင် Tech magic ထဲကို ၀င်ပါ။






အဆင့် (2)- Try it now ကို နိုပ်ပေးပါ။





အဆင့် (3)- ဓာတ်ပုံကို နိုပ်ပေးပါ။ ဒါမှမဟုတ် တိုက်ရိုက် ဓာတ်ပုံ ရိုက်နိုင်ပါတယ်။





အဆင့် (5)- လုပ်ချင်တဲ့ ဓာတ်ပုံတစ်ခုကို ရွေးပါ။





အဆင့် (6)- ဒီမှာ ခဏစောင့်ပေးလိုက်ပါ။ အင်တာနက် လိုင်းနှေးရင် ကြာတတ်ပါတယ်။




အဆင့် (7)- ဒါဆိုရင် ကာတွန်းပုံ လုပ်တာ အောင်မြင်ပါပြိး။ အောက်မှာ တခြား ကာတွန်း ပုံစံတွေကိုလည်း သုံးနိုင်ပါတယ်။





အဆင့် (8)- တခြား အလန်းစား Effectsတွေ သုံးချင်ရင် More effects ထဲကို ၀င်ပါ။





အဆင့် (9)- ကြိုက်တဲ့ Effectsတွေကို ရွေးချယ်လိုက်ပါ။




အဆင့် (10)- ကြိုက်တဲ့ ပုံစံကို ရွေးချယ်ပြီး စိတ်ကြိုက် ပုံကို ပြုပြင်လိုက်ပါ။





အဆင့် (11)- ပုံတွေကို ပြုပြင်ပြီးသွားရင် အပေါ်က Save ကို နိုပ်ပြီး ဖုန်းထဲ သိမ်းလို့ရပါပြီး။




အဆင့် (12)- တခြားပုံတွေ ထပ်လုပ်ချင်ရင် Create another ကနေ ၀င်ပြီး လုပ်လိုက်ပါ။

OK…. အဆင်ပြေကြပါစေနော်။

Meitu Application ဒေါင်းလုတ်ရန်- Download

Meitu Application အတွက် မိတ်ဆက် Video




  • အောက်မှာ ဒီ Meitu Application နှင့် ပြုပြင် ထားတဲ့ ပုံတွေ ကြည့်လိုက်ပါ။







ပြန်လည်မျှဝေလိုက်ပါသည်....

နည်းပညာချစ်သူ (Boykhai) 

Comments