နှစ်ယောက်အတူ ပွဲတတ်လာတဲ့ G-Fatt နဲ့ နန်းဆုရတီစိုး



ပရိသတ်အချစ်တော် မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ G-Fatt နဲ့အတူ အခမ်းအနားပွဲတစ်ခုကို တတ်ရောက်လာခဲ့ပါတယ်..။



City mall မှာ အသစ်ထပ်မံ ဖွင့်လိုက်တဲ့ 2nd center Wall Street English (Myanmar) ဖွင့်ပွဲ အခမ်းအနားကို နှစ်ယောက် အတူ တတ်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်..။



အဲ့ဒီအကြောင်းလေးကို နန်းဆုက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဓာတ်ပုံလေးတွေနဲ့အတူ တင်ထားသလို G-Fatt ကလည်း တင်ထားတာ တွေ့ရပါတယ်..။



အခမ်းအနားပွဲကို အတူ တတ်ရောက်ခဲ့တဲ့ သူတို့နှစ်ယောက်ဟာ ဝတ်စုံ အဖြူ၊ အနက် ဆင်တူကိုလည်း ဝတ်ဆင်ထားတာကိုလည်း တွေ့ရပါတယ်..။



G-Fatt နဲ့ သူမတို့နှစ်ဦးဟာ တွဲနေတယ်ဆိုပြီး ပရိသတ်တွေကြား သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း နှစ်ဦးစလုံးကတော့ ဝန်ခံထားခြင်း မရှိသလို ငြင်းထားတာလည်း မရှိသေးပါဘူး..။



အပြင်မှာ တွဲသွားတွဲလာ သိပ်လုပ်တာ မတွေ့ရပေမယ့် အခုလို နှစ်ယောက်အတူ ပွဲတတ်လာတဲ့ အချိန်မှာတော့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်..။



သူတို့နှစ်ဦးကတော့ ဖေ့စ်ဘွတ်စာမျက်နှာမှာထက် အင်စတာဂရမ်မှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် စနောက်ပြီး ပုံတွေ ပိုတင်လေ့ရှိတာ ဖြစ်ပါတယ်..။



မကြာသေးခင် ရက်ပိုင်းကလည်း သူတို့နှစ်ဦး ခရီးသွားတဲ့ ပုံရိပ်လေးတွေကို G-Fatt က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ တင်ထားတာ တွေ့ရပါတယ်..။



သူတို့နှစ်ဦးလုံးဟာ ဂီတလောကမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင် ဆယ်လီတွေ ဖြစ်ပြီး အခုတစ်ခေါက်မှာတော့ ဝတ်စုံဆင်တူနဲ့ အခမ်းအနားပွဲကို အတူတတ်ရောက်ကာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပြန်ပါတယ်..။



Source - နန်းဆု၊ G-fatt fb

Comments