ပိုက်ဆံ မရှိတဲ့ သူတောင်းစား တစ်ယောက်ကိုလဲ မယူနိုင်ပါဘူး… အတူတူ မတောင်းစား နိုင်လို့ပါ။
အရမ်း ချမ်းသာလွန်းတဲ့ ခရိုနီ တွေကိုလဲ မယူနိုင်ပါဘူး… မယားကြီးဘွဲ့ မခံယူ ချင်လို့ပါ။
ထမင်းရည်လဲ အတူတူ မသောက်နိုင်ပါဘူး… ကျွန်မက အစားမက်လို့ပါ။
ဒါပေမယ့် ဟင်းတွေ မျိုးစုံနဲ့ တစ်ယောက်တည်း အထီးကျန်ကျန်နဲ့ ယောကျာ်းက ပြန်လာ တစ်ရက် မပြန်လာတစ်ရက်လဲ မနေနိုင်ပါဘူး။
တူနှစ်ကိုယ် တဲအို ပျက်မှာလဲ မနေနိုင်ဘူး… ကျွန်မက ချမ်းတတ်လို့ပါ။
အိမ် အကြီးကြီးနဲ့လဲ အထီးကျန်ပြီး မနေချင်ပါဘူး… စုတ်စုတ် ပြတ်ပြတ်လဲ မနေနိုင်ပါဘူး။
ပိုက်ဆံရှိပြီး မိဘပိုက်ဆံ ထိုင်ဖြုံးနေတဲ့ ဘော်ကြော့တွေကို မယူနိုင်သလို…။
ပိုက်ဆံမရှိဘဲ ကြိုးစားပြီး အရည်အချင်း ရှိတဲ့ သူကိုလဲ ယူဖို့ ဝန်မလေးပါဘူး…။
တကယ်တော့ ကျွန်မ လိုချင်တာ ပိုက်ဆံရှိတဲ့ ယောကျာ်း မဟုတ်သလို ဆင်းရဲတဲ့ ယောကျာ်းလဲ မဟုတ်ပါဘူး။
ကျွန်မအတွက် အရာရာကို ကြိုးစားပေးပြီး ကျွန်မ မရှိရင် မဖြစ်ဘူး ဆိုတဲ့… ကျွန်မကို ဘယ်တော့မှ အဆုံးရှုံးမခံနိုင်တဲ့ သူမျိုး။
ကျွန်မ ဘဝကို ဖခင်လို လုံခြုံမှု ပေးနိုင်ပြီး မိခင်လို အေးချမ်းစေနိုင်မယ့် ယောကျာ်းကောင်းမျိုးနဲ့ တွေ့ဆုံပြီး အေးချမ်းတဲ့ မိသားစုလေး ပိုင်ဆိုင်ချင်ရုံပါ…။
မရနိုင်ဘူး ကျွန်မ လောဘကြီး မိတယ်ဆိုလဲ အပျိုကြီးဘဝနဲ့ နေဖို့လဲ ဝန်မလေးပါဘူး… ယောကျာ်း တစ်ယောက် ရှိမှ ရပ်တည်နိုင်မယ့် မိန်းမလဲ မဟုတ်ဘူး။
ပိုက်ဆံအတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် မရောင်းစားသလို အချစ်အတွက်လဲ စုံလုံးကန်း မရူးမိုက်နိုင်ပါဘူး။
ယောကျာ်း မလိုချင်တာ မဟုတ်ပေမယ့်… ယောကျာ်းရှိမှ ဖြစ်မယ် ဆိုတာမျိုးလဲ မဟုတ်ပါဘူး…။
ဒါပဲလေ… နော့ 💖
edited
Credit Original writer
Comments
Post a Comment