ပုံကျလှပတဲ့နှုတ်ခမ်းအဖြစ်ပုံဖော်ဖို့ဆိုတာ လွယ်မယောင်နဲ့ခက်ခဲပါတယ်။သေသပ်လှပဖို့လည်း အချိန်ယူရပါတယ်။ဆိုတော့ ဒီတစ်ခါမှာတော့ သင့်နှုတ်ခမ်းသားတွေကို အလှပဆုံးပုံဖော်ပေးနိုင်မယ့် နည်းလမ်းလေးတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။ ။
1.နှုတ်ခမ်းကိုဂရုစိုက်ပါ။
တကယ်လို့ သင်ဟာနှုတ်ခမ်းကိုဂရုမစိုက်ပဲ ပစ်ထားသူဆိုရင်တော့ သင့်နုတ်ခမ်းပုံမကျမှုဟာ သင့်နှုတ်ခမ်းနီနဲ့မဆိုင်ပါဘူး။နှုတ်ခမ်းသားတွေအက်လန်ခြောက်သွေ့ပြာနှမ်းနေခြင်းဟာ လှပတဲ့နှုတ်ခမ်းအဖြစ် ပုံမဖော်ပေးနိုင်တာကြောင့် ခြောက်သွေ့မှုကိုလျှော့ချနိုင်ဖို့ ရေများများသောက်၊အဆီ(သို့)vaselineပုံမှန်လိမ်းပါ။
2.အခံလိမ်းပါ။
သင့်ရဲ့မျက်နှာကိုအခံလိမ်းပေးသလို နှုတ်ခမ်းနီမဆိုးခင်မှာလည်း အခံလိမ်းပေးဖို့လိုပါတယ်။အခံလိမ်းပေးခြင်းအားဖြင့် နှုတ်ခမ်းသားကိုချောမွတ်စေရုံသာမက အရောင်ပိုမိုတောက်ပြီး၊လိုချင်တဲ့အရောင်ထွက်အောင် ထောက်ပံ့ပေးနိုင်ပါတယ်။
3.ဘောင်ဖော်ပါ။
နှုတ်ခမ်းနီမဆိုးခင် lip linerနဲ့ဘောင်အရင်ဖော်ခြင်းအားဖြင့် ဘောင်အတွင်းမှာပဲ သေသပ်လှပစွာရှိနေမှာဖြစ်သလို အရောင်ပိုမိုတောက်ပြီး နှုတ်ခမ်းပေါ်မှာရှည်ကြာစွာခံစေပါတယ်။
4.ကိုယ့်နှုတ်ခမ်းပုံစံနဲ့အစပ်အဟပ်တည့်တဲ့ နှုတ်ခမ်းအရောင်ကို သေချာရွေးဝယ်ပါ။
5.နှုတ်ခမ်းနီအရောင်တိုင်းဟာ လူတိုင်းနဲ့မလိုက်ဖက်နိုင်တာကြောင့် ကိုယ့်အသားအရေအရောင်နဲ့လိုက်ဖက်တဲ့အရောင်ကို ရွေးဝယ်ပါ။
6.အစာစားလိုက်ရင်ပဲဖြစ်ဖြစ်၊အအေးသောက်ရင်ပဲဖြစ်ဖြစ် နှုတ်ခမ်းနီမပျက်ပဲကျန်နေဖို့အတွက် ကြာရှည်ခံတဲ့နှုတ်ခမ်းနီကိုရွေးဝယ်ပါ။သို့မဟုတ် သင်ဆိုးထားတဲ့နှုတ်ခမ်းနီပေါ် tissueစအုပ်ပြီး အပေါ်ကနေပေါင်ဒါမှုန့်ဖြူးးပေးပါ။
7.နှုတ်ခမ်းနီဆိုးရင် နှုတ်ခမ်းအလယ်ကစဆိုးပါ။ပြီးမှသာ အခြားနေရာများသို့ဖြန့်ဆွဲပါ။
ပြန်လည်မျှဝေပေးလိုက်ပါ.....
Comments
Post a Comment