လူငယ်တွေအတွက်တော့စီးပွားရေးလုပ်ငန်းတွေမှာအောင်မြင်ဖို့ ဆိုရာမှာခက်ခဲလွန်းတဲ့စိန်ခေါ်မှုတခုဘဲဖြစ်ပါတယ်။ဒါကြောင့်အောင်မြင်မှုလမ်းကြောင်းကိုချောချောမွေ့ မွေ့ သွားနိုင်ဖို့ သင့်ရဲ့ရည်မှန်းချက်တွေကိုသတ်မှတ်ပါ။သင်ရဲ့စတင်ရမယ့်လုပ်ငန်းသစ်လေးအတွက်အစွမ်းကုန်ကြိုးစားပါ။တော်တဲ့ တတ်တဲ့လူထုဝန်းကျင်နဲ့ ဝန်းရံထားပါ။သင့်ပစ္စည်းတွေ သင့်ဝန်ဆောင်မှုတွေအတွက်အကောင်းဆုံးလုပ်ဆောင်ပါ။သင်တခါအရှုံးကြီးရှုံးသွားရင်အခြားလုပ်ငန်းတွေမှာပြန်လည်ရင်းနှီးမြှပ်နှံပါ , ဒါမှမဟုတ် မိမိလက်ရှိလုပ်ငန်းကိုဘဲပြန်လည်ရင်းနှီးမြှပ်နှံပါ။
၁ . မိမိရဲ့အကြောင်းစုံကိုသေချာဆန်းစစ်ပါ
သင်ဟာလူငယ်တယောက်, စီးပွားရေးတခုစတင်မလုပ်ကိုင်ခင် အောင်မြင်ဖို့ အတွက်ဘယ်လုပ်ငန်းကိုလုပ်ကိုင်ရမလဲဆိုတာကိုသေချာဆုံးဖြတ်ပါ။သင့်ရဲ့အားနည်းချက်တွေ, အားသာချက်တွေကိုသေချာသိမြင်ပါ။မိမိရဲ့ဗဟုသုတတွေ, အတွေ့ အကြုံတွေ, မိမိရဲ့စွမ်းရည်တွေ, နှစ်သက်မှုတွေ, ကြံ့ကြ့ခံနိုင်မှုတွေကောဆန်းစစ်ပါ။သင်လုပ်မယ်လို့ ရွေးချယ်ထားတဲ့အလုပ်နဲ့ ပတ်သတ်လို့ ဗဟုသုတကော အတွေ့ အကြုံကောရှိရဲ့လား?သင့်လုပ်ငန်းကျရှုံးမှု , ခက်ခဲမှုတွေနဲ့ ရင်းနှီးနိုင်ပါ့မလား?ဒါတွေစဉ်းစားပြီးရင်တော့သင့်မှာငွေရှိရှိ မရှိရှိ စီးပွားရေးလုပ်ငန်းတခုစတင်ပါတော့။
၂. ပြဿနာတွေကိုမိမိဘာသာဖြေရှင်းနိုင်ရမယ်
လူအများစုကစီးပွားရေးဆို ,လူငယ်ရော လူကြီးရောလုပ်ချင်ကြတယ်, သူတို့ လုပ်ချင်တဲ့စီးပွားရေးအကြောင်းတွေစိတ်ကူးယဉ်ကြတယ် , ဒါပေမယ့်လူအနည်းငယ်ကဘဲအကောင်အထည်ဖော်ကြတယ်,အောင်မြင်တဲ့လူငယ်လုပ်ငန်းရှင်တယောက်ဖြစ်ဖို့ ဆိုရင်ဖြစ်လာမယ့်ပြဿနာတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတဲ့မျက်လုံးတစုံနဲ့ မိမိပတ်ဝန်းကျင်တခုလုံးကိုစိတ်အားတတ်တတ်ကြွကြွနဲ့ မျက်စိဖွင့် နားဖွင့်နေရမယ်။
သင်ဟာလုပ်ငန်းစဖို့ ဘယ်လောက်ခက်ခဲခက်ခဲ လုပ်ဆောင်ပါ။စလုပ်ဖို့ ဆိုရင်ပြဿနာတွေပိုင်းခြားနိုင်ရမယ်,မိမိဖြေရှင်းချက်တွေအိမ်မက်မက်နေနိုင်ရမယ်ဆိုတာတွေနဲ့ စတင်တယ်,သင့်အိမ်မက်တွေ စိတ်ကူးတွေကဘယ်လောက်ဘဲ မဖြစ်နိုင် မဖြစ်နိုင် ချရေးလိုက်ပါ။
၃.ဖန်တီးမှုတွေလုပ်ကိုင်နိုင်ဖို့ သင့်ကိုသင်အချိန်ပေးပါ
သင်အလုပ်မသွားခင် ဒါမှမဟုတ် သင်ကျောင်းမသွားခင်သင့်စိတ်ကိုမြှင့်တင်ဖို့ အချိန်ခဏလေးပေးပါ။သင့်ရဲ့အချိန်ဇယားအတိုင်းကျောင်းသွား ဒါမှမဟုတ် အလုပ်လုပ်ပါ။လမ်းပုံမှန်လျှောက်ပေးပါ။ဆိတ်ငြိမ်တဲ့နေရာမှာစာဖတ်ပါ။ကားကိုခြေဦးတည့်ရာမောင်းနှင်နေပါ။
-အမြဲတတ်ကြွနေပါ။တနေရာထဲမှာတစ်နာရီထက်ပိုပြီးထိုင်မနေပါနဲ့ ။တနေ့ ကိုမိနစ်၃၀လောက်အားကစားလေ့ကျင့်ခန်းပြုလုပ်ပါ။ဒီလိုလုပ်ခြင်းက ကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေးနှခုလုံးကောင်းပါတယ်။လမ်းလျှောက်ခြင်းဟာသင့်ရဲ့တွေးခေါ်မှုကိုမြင့်တတ်စေပြီးပိုပြီးတီထွင်ဆန်းသစ်နိုင်မှုစွမ်းရည်ကိုရရှိစေပါတယ်။
၎. သူတပါးဆီကသင်ယူပါ
အခြားလူငယ်လူရွယ်တွေဘယ်လိုအောင်မြင်လာသလဲဆိုတာသေချာလေ့လာပါ။သင်သူတို့ လမ်းစဉ်တွေ, အကြံညဏ်တွေ,နည်းလမ်းတွေနဲ့ ဘယ်လိုပေါင်းစပ်နိုင်မလဲစဉ်းစားပါ။လူငယ်တွေနဲ့ ဆိုင်တဲ့စာအုပ်တွေဖတ်ပါ။
၅. ဖြစ်လိုစိတ်ပြင်းပြင်းပြပြနဲ့ ဘဝကိုနေထိုင်ပါ
အောင်မြင်မှုဆိုတာသင်ကသင့်လုပ်ငန်းကိုယုံကြည်မှ, စိတ်အားပြင်းပြနေမှ ရရှိတာဖြစ်ပါတယ်။ဒါကြောင့်ဖြစ်လိုစိတ်ပြင်းပြင်းပြပြရှိပါ။အကောင်းဆုံးစီစဉ်လုပ်ဆောင်ပါ
၆. သင့်ရဲ့အိမ်မက်တွေကိုသတ်မှတ်ပါ
သင်ဘာလုပ်ချင်လဲ,ဘယ်လိုချင်လဲချရေးပါ။သင့်ရည်မှန်းချက်တွေကိုပြတ်ပြတ်သားသားပြုလုပ်ပါ။စိတ်မများပါနဲ့ ။လုပ်ဆောင်ပြီဆိုရင်စိတ်အားတတ်တတ်ကြွကြွလုပ်ဆောင်ပါ။အောင်မြင်မှုရရင်မယစ်မူးနဲ့ , အောက်ခြေမလွတ်နဲ့ , ရှုံးနိမ့်ရင်လည်းစိတ်ဓတ်မကျနဲ့ 
၇. ပစ်မှတ်ထားပါ။စမ်းသပ်ပါ။အခွင့်အရေးရယူပါ
သင်စိတ်ကူးတွေချရေးပြီးရင်စတင်လုပ်ဆောင်ဖို့ အချိန်ကျပြီ။အရင်ဆုံးမိမိလုပ်ဆောင်မယ့်ဈေးကွက်ကိုရွေးချယ်ပစ်မှတ်ထားပါ။ပြီးရင်စမ်းသပ်ပါ။ ပစ္စည်းတွေကိုလျှော့ဈေးနဲ့ ဖြစ်ဖြစ် , အစမ်းဖြစ်ဖြစ် ပေးပါ။ ပြီးရင်သူတို့ ရဲ့မိမိပစ္စည်းတွေအပေါ်ဝေဖန်ချက်တွေကိုနားထောင်ပါ။ပြီးရင်သေချာဆန်းစစ်ပါ။နောက်ဆုံး လုပ်ငန်းအတွက်အသေချာဆုံးအစီစဉ်ရေးဆွဲပြီး အကောင်းဆုံးလုပ်ဆောင်ပါ
၈. လူမှုဆက်ဆံရေးရှိရမယ်
လူထုနဲ့ ဆက်သွယ်ပါ။ထိတွေ့ ပါ။အင်တာနက်ခေတ်ကြီးထဲမှာလူတွေနဲ့ စကားပြောပါ။ထိတွေ့ ပါ။အတွေ့ အကြုံတွေဖလှယ်ပါ။မျှဝေပါ။သင်ယူပါ။ပူးပေါင်းလုပ်ဆောင်ပါ
Credit. To. TopTen
Comments
Post a Comment