ကိုကိုက ကလေးတွေကို အချစ်ကြမ်းတယ်လို့ ပြောလိုက်တဲ့ ချစ်သုဝေ

အဆိုတော်လင်းလင်းနဲ့ချစ်သုဝေတို့မိသားစုလေးဟာ အနုပညာလောကမှာတင်မကပါဖူးပရိသတ်တွေကပါ အားကျပြီးချစ်ခင်လေးစားရတဲ့ မိသားစုလေးကိုပိုင်ဆိုင်ထားသူတွေပါ။ လက်ရှိမှာတော့ စီးပွားရေးအနေနဲ့ မကြာသေးခင်ကမှ Soccer House ဆိုတဲ့ဆိုင်လေးတစ်ဆိုင်ဖွင့်ထားတာလည်းဖြစ်ပါတယ်။




အဆိုတော်လင်းလင်းနဲ့ချစ်သုဝေကတော့ အမြွှာသမီးလေး နှစ်ဦးဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ် တို့ကိုမွေးဖွားထားပြီး သူတို့လေးတွေကတော့ ငယ်ငယ်လေးနဲ့ နိုင်ငံကျော်ဆယ်လီကြီးတွေဖြစ်နေလောက်အောင် ချစ်မွှေးပါလာသူကြီးတွေပါ။



တနေ့ တနေ့ ပရိသတ်တွေကလည်း ချစ်သုဝေရဲ့ ဖေ့ဘုတ်လေးကို သွားသွားကြည့်ပြီး အမြွာလေးတွေရဲ့ ပုံတွေကို မျှော်ရတာလည်း အမောပါ။ အင်မတန်မှ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ချစ်သုဝေကတော့ သူမရဲ့အမျိုးသားဖြစ်တဲ့ကိုလင်းလင်းက ကလေးတွေအပေါ်မှာ ဘယ်လိုဘယ်ပုံနည်းနဲ့ ချစ်တဲ့ပုံစံလေးကိုပြောပြထားပါတယ်။






ကိုကိုကကျတော့အချစ်ကြမ်းတယ် သူ့ချစ်ပုံချစ်နည်းတွေက သူတပါးရဲ့ Way နဲ့မတူဖူး ကိုကို့ကိုဆိုအမြဲပြောရတယ်။ အားကြီးက အရမ်းပျင်းတာ အဲ့လို ကလေးတွေကို မလုပ်နဲ့လို့ ကလေးတွေကိုလည်း အဲ့လိုမျိုးပဲသည်းလေး ဖေဖေကချစ်တာနော် အဲ့လိုပြောပြီး ကလေးကိုမြှောက်မြှောက်ပြီးဆော့တာပေါ့နော် ကလေးတွေက ဆော့တဲ့အချိန်ကျတော့အရမ်းပျော်တာလေ တဟီးဟီး တဟားဟားနဲ့ဆိုတော့ သားအဖတွေက အတိုင်အဖောက်တွေညီနေတာပေါ့







သူတအားဆော့တဲ့နေ့တွေကျရင် ကလေးတွေက အိပ်တဲ့အချိန်ကျရင် ရင်ထဲကလှပ်လှပ်လှပ်လှပ် ပြန်ဖြစ်တာလေ အဲ့တော့ကောင်းကောင်အိပ်မပျော်ဖူး အခုတော့ သူ့ကို မနည်းကို Tempo ကိုလျှော့ထားရတယ် ချစ်တာကတော့ချစ်ပါ နည်းနည်းလေးနူးနူးညံ့ညံ့လေးချစ်ပါလို့ Myanmar Celebrity ကအင်တာဗျူးမှာ ဖြေကြားထားခဲ့တာပါ။


Credit : welovecele.com

ပြန်လည်မျှဝေလိုက်ပါ..

Comments