အံသြစရာကောင်းတဲ့ မြင်းခွာရွက်အစွမ်း


မြင်းခွာရွက်ကို လူတိုင်းသိပါတယ်။ အစာလည်းဆေး ဆေးလည်းအစာဆိုသလို နေရာဒေသတိုင်းရနိုင်ပါတယ်။ မြန်မာတွေအနေနဲ့ သုပ်စားခြင်း၊ တို့စားခြင်း ၊ဟင်းရည်သောက်ခြင်း၊ အစိမ်းလိုက်ကြိတ်ပြီး အရည်ကိုလည်း သောက်ကြ ပါတယ်။

 မြင်းခွာရွက်ရဲ့စွမ်းပကာကိုပြောပြ ရရင်ပြောလို့ကုန်မှာ တောင်မဟုတ်ပါဘူး။ အစာကြေခြင်း၊ အိပ်ပျော်စားဝင်ခြင်း၊ ဓာတ်လေးပါးမှန်ခြင်း၊ မှတ်ညဏ်ကိုလည်းကောင်းစေပါတယ်။ အသက်လည်း ရှည်စေပါတယ် နော်။မြင်းခွာရွက်က မြေမှာပေါက်ရောက်တဲ့ အပင်ငယ်တစ်မျိုးဖြစ်ပါတယ်။ အယဉ်မျိုးနှင့် အရိုင်းမျိုးဆိုပြီး နှစ်မျိုးရှိပါ တယ်။ အယဉ်မျိုးမှာ မွှေးနုလေးတွေမပါပါဘူး အရိုင်းကိုတော့ အညာဒေသမှာအများ ပေါက်ရောက်လည်းရှိပါတယ်။ 



အယဉ်မျိုးကတော့ ဆီး၊လေ၊ဝမ်းမှန်စေပြီး ခေါင်းကိုက်ခြင်း၊ သွေးရောဂါ၊ သည်းခြေပျက်ခြင်း၊ အဆုတ်ပြွန်ရောင်ခြင်း၊ ပန်းနာရင်ကျပ်၊ အရေပြားရောဂါအမျိုးမျိုး၊ ဝက်သက်ရောဂါ၊ယားနာ၊ ခရုသင်း၊ခြေလက်အကြောပြတ်ခြင်း ရောဂါ တွေအတွက် အစွမ်းထက်ပါတယ်တဲ့။အထက် ပါရောဂါတွေအတွက် မြင်းခွာရွက်ကို ရေနှင့်စင်အောင် ဆေးပေးပါ ပြီးမှ နေရိပ်မှာခြောက်အောင် လှန်းထားပေးပါ။ ခြောက်ပြီးဆိုရင် သစ်သားဆုံ(သို့မဟုတ်) ကျောက်ဆုံနှင့်ထောင်း ပေးပါ။ 

ရလာတဲ့မြင်းခွာမှုန့် (၁၀) ကျပ်သားကို ငရုတ်ကောင်း (၂) ကျပ်သား၊ပျားရည် (၁၂) ကျပ်သားကို သမအောင် ရောပြီးနေလှန်းပေးပါနော်။ပြီးမှ သောက်နိုင်တဲ့အနေအထားလောက် လုံးပြီး ဖန်ဘူးထဲထည့်ထားပေးပါ။ တစ်နေ့(၂) လုံးသောက်ပေးနိုင်ပါတယ်။



မြန်မာ့ဆေးကျမ်း အရ မျက်စီနာခြင်းအတွက် မြင်းခွာရွက်ကို ချင်းရည်နဲ့ဖျော်သောက်ရင် သက်သာစေပါတယ်။ မိန်းကလေးတွေအနေနဲ့ မီးယပ်လည်းမှန်စေပါတယ်။မြွေကိုက်ရင်လည်း ဆေးမြင်းခွာအနီရောင်ကို ကျင်ငယ်နှင့် သွေးပြီး မြွေကိုက်တဲ့နေရာလိမ်းပေနိုင်ပါတယ်။ ခွန်အားတိုးစေရန်အတွက် အရည်ညှစ် သကြား၊ပျားရည်တို့နှင့် ရောစပ်သောက်ပေးပါ။ ကလေးတွေချောင်းဆိုး၊ အဆုတ်နာခြင်းအတွက် မြင်းခွာရွက်ကိုထောင်း အမှုန့်ကိုအပူပေးပြီး ကလေးရင်ဘတ်ပေါ်လိမ်းပေးပါကလည်း သက်သာပျေက်ကင်းနိုင်ပါတယ်။ 

အဖုအကျိတ်တွေအတွက် ကတော့ ရေနံဆီနှင့် မြင်းခွာရွက်အရည်ကိုရောစပ်ပြီး လိမ်းပေးပါ။သက်သာနိုင်ပါတယ်။ မြင်းခွာရွက်ကိုဖျော်ရည် လုပ်ပြီး သောက်ပါက သွေးဝမ်းသွားခြင်း၊ဆီးချုပ်ခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ဆီးတွက်သွေးပါခြင်းတို့်ကို သက်သာပျောက်ကင်း စေပါတယ်။ မြင်းခွာရွက်ကို ကြိတ်ပြီးအရည်ကို အရေပြားရောဂါအတွက်လိမ်းကျံပေးခြင်း၊ စားသောက်ခြင်းတို့ ပြုလုပ်ပေးနိုင်ပါတယ်။



မြင်းခွာရွက်ကို အားတိုးဆေး၊ အဆိပ်ပြေဆေး၊ အနာပျေက်ကင်းတဲ့ဆေး၊ ခွန်အားဗလကိုလည်း ကြီးထွားစေပါ တယ်။ မြင်ခွာရွက်ကို တစ်လတိတိမပျက်မကွက်စားပေးပါက အရောင်အဆင်းသွေးသာကောင်းစေပြီး ကျန်းမာဝဖြိုး လာစေပါတယ်။ခြောက်လစားရင် ကိုယ်တွင်းရောဂါပျေက်ကင်းပြီး ခွန်အားတိုးစေပါတယ်။ ဦးနှောက်ကြည်လင်ဖို့ အတွက် သတ္တုရည် နှင့်ရောစပ်ပြီး ခေါင်းကိုလိမ်းပေးပါ။ 

တိုင်းရင်ဆေးဆရာတွေကအဆိုအရ ရောဂါတွေကိုနိုင်ခြင်း၊ အနာကိုနိုင်ခြင်း၊အာရုံကြောကောင်းစေခြင်း၊ ဆီးရွင်စေခြင်း၊ လေးလံထိုင်းမိုင်းတာတွေပျေက်နိုင်ပါတယ်။နောက်တစ် ခါသွေးတိုးခြင်းကိုလည်း ပျေက်ကင်းစေနိုင်ပါတယ်။ ဒါကြောင့် မြင်းခွာရွက်ရဲ့စွမ်းပကာတွေကတော့ ပြောမဆုံးနိုင် အောင်ပါပဲ။ ဘာပဲဖြစ်ဖြစ် အစာလည်းဆေး ဆေးလည်းအစာဆိုသလို တစ်ကူတစ်ကလုပ်စားစရာမလိုဘဲ ထမင်းစား နေရင်း စားသွားရင်လည်းအဆင်ပြေပါတယ်။ မိတ်ဆွေတို့အားလုံးလည်း ကျန်းမားချမ်းသာကြပါစေနော်။


Source : ကြေးမုံ

Comments