ကမ္ဘောဒီယား မင်းသမီး ဒင်းနစ်ကွမ် ( Dennis kwan ) ဟာ ရုပ်ရည် နဲ့ ခန္ဓာကိုယ်ပိုင်းမှာ အရမ်း ဆက်စီကျလွန်းတဲ့အတွက် ရုပ်ရှင်ရိုက်ကွင်းခွင့် ၁ နှစ် ပိတ်ပင်ခံလိုက်ရပါတယ်။
Dennis Kwan ဟာ အသက် ၂၄ နှစ်သာ ရှိပေမယ့် အခုဆိုရင် တိုင်းပြည်မှာ မသိသူ မရှိလောက်အောင် ကျော်ကြားလာပြီး တိုင်းပြည်ရဲ့ ယဉ်ကျေးမှုကို ထိခိုက်စေတယ် လို့ ကမ္ဘောဒီးယား နိုင်ငံ ယဉ်ကျေးမှု နဲ့ အနုပညာ ၀န်ကြီးဌာန က သတင်းထုတ်ပြန်ပါတယ်။
သူမဟာ ထင်ရှားလွန်းတဲ့ မင်းသမီးမဟုတ်ပေမယ့် ရုပ်ရှင်ထဲမှာ ပါဝင်တဲ့ ချစ်တင်းနှောခန်းတွေတွေမှာ သရုပ်ဆောင်ပီပြင်လွန်းပြီး ကြည့်ရှုသူအားလုံးကို စိတ်မငြိမ်မသက်ဖြစ်စေတယ် လို့ ဆိုပါတယ်။
သူမရဲ့ ဖေ့စ်ဘုတ် မှာ Follower 3 သိန်းလောက်သာ ရှိပေမယ့် ဖေ့စ်ဘုတ်ပေါ်မှာ တင်တဲ့ ပို့စ်တွေဟာ လူတိုင်းရဲ့ စိတ်ကို နှိုးဆွစေတဲ့ ပုံရိပ်တွေဖြစ်တယ် လို့ ယဉ်ကျေးမှုဝန်ကြီးဌာန က ဆိုပါတယ်။
Dennis Kwan ကတော့ သူမရဲ့ အနုပညာ နဲ့ အောင်မြင်မှုအပေါ်ကို မနှစ်သက် တဲ့ လူတွေ က အကွက်ဆင်လိုက်တယ် လို့ ယူဆကြောင်း ဖေ့စ်ဘုတ်မှာ ရေးသားခဲ့ပါတယ်။ သူမဟာ အများသူငါ လက်မခံနိုင်လောက်အောင် ၀တ်စားဆင်ယင်တတ်သူ မဟုတ်ဘူး ဆိုတာ သူမရဲ့ ပုံရိပ်တွေက သက်သေပြမှာ ဖြစ်တဲ့အကြောင်းလည်း ရေးသားခဲ့ပါတယ်။
ယဉ်ကျေးမှု နဲ့ အနုပညာပိုင်းဆိုင်ရာ စည်းကမ်းပိုင်း ထိန်းသိမ်းရေးဌာနက ရုပ်ရှင် ရဲ့ ဇာတ်ဝင် ခန်းတွေမှာ မလိုလားအပ်တဲ့ လှစ်ဖော်ပြမှုတွေ ရှိတဲ့အတွက် အခုလို စည်းကမ်းပိုင်း ငြိစွန်းသွားတာ ဖြစ်တယ် လို့ ဆိုပါတယ်။
ကမ္ဘောဒီးယား လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ အခုလို ပိတ်ပင်မှု ကို ဆန့်ကျင်ပြီး လွတ်လပ်တဲ့ မိန်းမပျိုတစ်ယောက်ကို ထူးထူးခြားခြား ရိုင်းပျတဲ့ အမြင်တွေ မဖြစ်ထွန်းစေဘူး ဆိုရင် ပိတ်ပင်တာ မမျှတ ဘူး လို့ ပြောဆိုခဲ့ပါတယ်။ ပြစ်မှု နဲ့ ပြစ်ဒဏ် မမျှတမှုအတွက်လည်း နိုင်ငံအတွင်းရှိ မင်းသမီးများအကြားမှာ ဝေဖန်မှုများ မြင့်တက်လာခဲ့ပြီး အမျိုးသား နဲ့ အမျိုးသမီး တန်းတူအခွင့်အရေး ရရှိရမည် ဆိုတဲ့ ဂျီနီဗာ လူ့အခွင့်အရေး ကြော်ငြာချက် ကို ၀န်ကြီးဌာန က မလိမ့်တပတ် ချီုးဖောက်ခဲ့တယ် လို့ ဆိုခဲ့ကြပါတယ်။
ပိတ်ပင်မှု ခံရပြီးနောက်ပိုင်းမှာ Dennis Kwan အနေနဲ့ ဘယ်လို ကင်မရာမျိုးမဆိုရဲ့ ရှေ့မှာ ၁၂ လ တိတိ ကိုယ်ဟန်ပြတာက စပြီး လုပ်ခွင့်မရှိဘူး လို့ ဆိုခဲ့တဲ့အတွက် အနုပညာပိုင်း ကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်မရရှိခဲ့ပါက နိုင်ငံသား ပြောင်းလဲ ခံယူဖို့ပဲ ရှိတော့လို့ ဆိုခဲ့ပါတယ်။
cantwait2say
ပြန်လည်မျှဝေလိုက်ပါ..
Comments
Post a Comment