ကမ္ဘာကျော်အနုပညာရှင် ဆယ်လီတွေရဲ့ ဇိမ်ခံအိမ်ကြီးတွေက ကမ္ဘာ့ဈေးအကြီးဆုံး ဇိမ်ခံအိမ်များ စားရင်းထဲမှာ ပါဝင်နေပါတယ်။ ဒီတော့… သူတို့ရဲ့ အနုပညာကြေးနဲ့ ဆောက်လုပ်ထားကြတဲ့ ဇိမ်ခံအိမ်ကြီးတွေရဲ့ အကြောင်းကို လေ့လာကြည့်လိုက်ရအောင်။
(၁) ဂျနီဖာလိုပက်ဇ် (Jennifer Lopez)
ဂျနီဖာလိုပက်ဇ်ကတော့ သူမရဲ့ ဇိမ်ခံအိမ်ကြီးကို ကယ်လီဖိုးနီးယား အနောက်ဖက် Bel-Air မှာ ဆောက်လုပ်ထားတာပဲ ဖြစ်ပါတယ်။ တန်ဖိုးအားဖြင့်တော့ ဒေါ်လာသန်း၄၀ရှိတယ်လို့ သိရပါတယ်။ အိပ်ခန်း ၇ခန်း၊ ရေချိုးခန်း ၁၃ခန်း၊ ကိုယ်ပိုင်ရေကူးကန်၊ ဘား၊ ထိုင်ခုံ ၃၀ပါဝင်တဲ့ ရုပ်ရှင်ရုံတစ်ခု တို့ကို ထည့်သွင်းဆောက်လုပ်ထားပါတယ်။
(၂) ဘီယွန်းစေးနှင့် ဂျေဇီး (Beyoncé and Jay Z)
လူအများအားကျရတဲ့ ဆယ်လီစုံတွဲတစ်တွဲဖြစ်တဲ့ ဘီယွန်းစေနဲ့ ဂျေဇီးတို့ရဲ့ ဇိမ်ခံအိမ်ကြီးကလည်း Bel-Air မှာပဲ တည်ရှိပါတယ်တဲ့။ သူတို့ရဲ့ဇိမ်ခံအိမ်ကြီးကိုတော့ ဒေါ်လာ ၁၃၅သန်း ကုန်ကျခံ ဆောက်လုပ် ထားတာပါ။ ရေကူးကန် ၄ခု၊ ရေချိုးခန်း ၁၁ခုအပါအဝင် ကိုယ်ပိုင်ရဟတ်ယာဉ် ဆင်းသက်ဖို့ ပြေးလမ်းကိုပါ ထည့်သွင်းဆောက်လုပ်ထားပါတယ်။
(၃) ဂျနီဖာလောရန့်စ် (Jennifer Lawrence)
The Hunger Game ဇာတ်ကားထဲက မင်းသမီးချောလေး ဂျနီဖာလောရန့်စ်ရဲ့ အိမ်ကတော့ Beverly Hills မှာ တည်ရှိပါတယ်။ တန်ဖိုးအားဖြင့်တော့ ဒေါ်လာ ၇သန်းရှိပြီး ကျယ်ပြန့်တဲ့ အိမ်ခြံဝန်း၊ ခမ်းနားတဲ့ အိမ်တွင်းအပြင်အဆင်၊ လှေကားအလှဆင်မှုတွေက အံ့မခမ်းပါပဲ။ ကိုယ်ပိုင်အရက်ဘားကိုလည်း ထည့်သွင်းဆောက်လုပ်ထားပါတယ်တဲ့။
(၄) The Weeknd
ဆယ်လီနာရဲ့ ရည်းစားဟောင်း The Weeknd ကိုတော့ အားလုံးသိကြမှာပါနော်။ သူရဲ့ ဒေါ်လာ သန်း၂၀ တန်ဖိုးရှိတဲ့ ဇိမ်ခံအိမ်ကြီးကိုတော့ လော့စ်အိန်ဂျလိစ့်မှာ ဆောက်လုပ်ထားတာပါ။ ရေချိုးခန်းကို တစ်ခန်း၊ ရေကူးကန်တစ်ကန်၊ အိပ်ခန်း ၉ခန်းပါဝင်တယ်လို့ သိရပါတယ်။ မြေအောက်ခန်းမှာလည်း ဝိုင်ဘားကို ထည့်သွင်းဆောက်လုပ် ထားပါသေးတယ်။
(၅) ဆယ်လီနာဂိုမက်ဇ် (Selena Gomez)
ကယ်လီဖိုးနီးယားမှာ ဆောက်လုပ်ထားတဲ့ ဆယ်လီနာရဲ့ ဇိမ်ခံအိမ်ကြီးကတော့ ဒေါ်လာ ၂သန်းခွဲနီးပါး တန်ဖိုးရှိတယ်လို့ သိရပါတယ်။ သူမရဲ့အိမ်ကိုတော့ Traditional ဆန်ဆန် အလှဆင်ဆောက်လုပ် ထားတာကို တွေ့ရမှာပါ။ အပြင်ဘက်ကနေကြည့်လိုက်ရင်တော့ ဆယ်လီတစ်ယောက်ရဲ့ ဇိမ်ခံအိမ်လို့ ထင်မှတ်စရာမရှိပေမယ့် အိမ်တွင်းက အပြင်အဆင်တွေကို ကြည့်လိုက်မယ်ဆိုရင် တကယ့်ကို ခမ်းနားတဲ့ ဇိမ်ခံအိမ်ကြီးတစ်လုံးပါပဲ။
(၆) တေလာဆွစ်ဖ် (Taylor Swift)
တေလာဆွစ်ဖ်ရဲ့ ဇိမ်ခံအိမ်ကြီးကတော့ Beverly Hill မှာတည်ရှိပါတယ်။ ဒေါ်လာ ၂၅သန်းကုန်ကျခံ ဆောက်လုပ်ထားတာဖြစ်ပြီး ကြည့်လိုက်ရုံနဲ့ကို ဇိမ်ခံအိမ်ဆိုတာ သိသာလွန်းလှပါတယ်။ အိပ်ခန်း ၇ခန်းအပါအဝင် အနုပညာလက်ရာမြောက်တဲ့ ပန်းချီကားတွေနဲ့ နံရံဆေးရေးပန်းချီတွေနဲ့ အိမ်တွင်းအလှဆင်ထားတာကို တွေ့ရမှာပါ။ ရေချိုးခန်းဆယ်ခန်း၊ စာကြည့်တိုက်တစ်ခန်း၊ Gym ခန်းကိုပါ တွဲဖက်ဆောက်လုပ်ထားပါတယ်။
(၇) ရီဟားနား (Rihanna)
Barbados မှာတည်ရှိတဲ့ ရီဟားနားရဲ့ ဇိမ်ခံအိမ်ကြီးကတော့ ဒေါ်လာ ၂၁သန်းကျော် ကုန်ကျခံ ဆောက်လုပ် ထားတာပါ။ သူမရဲ့အိမ်ကို ကြည့်ရှုစောင့်ရှောက်ဖို့အတွက် အိမ်စောင့်ကိုလည်း ၂၄နာရီထားထားတယ်လို့ သိရပါတယ်။ ကြီးမားတဲ့ ရေကူးကန်အပါအဝင် ကိုယ်ပိုင် Gym ခန်းနဲ့ Gym Trainer ကိုလည်း ထားရှိထားပါတယ်။
(၈) လေဒီဂါဂါ (Lady GaGa)
ဒေါ်လာ ၂၃သန်းတန်ဖိုးရှိတဲ့ လေဒီဂါဂါရဲ့ ဇိမ်ခံအိမ်ကြီးကတော့ မာလီဘူးမှာ တည်ရှိပါတယ်။ ဝိုင်အမျိုးအစားပေါင်း ၈၀၀ကျော်ရှိတဲ့ မြေအောက်ခန်းဘား အပါအဝင် ကိုယ်ပိုင်အားကစားခန်းမနဲ့ ရုပ်ရှင်ရုံကိုလည်း ထည့်သွင်းဆောက်လုပ်ထားတယ်လို့ သိရပါတယ်။ အဆိုပိုင်းနဲ့ ဖက်ရှင်ပိုင်းမှာ အမြဲထူးခြားနေတတ်တဲ့သူမရဲ့ ဇိမ်ခံအိမ်ကြီးကလည်း သူမတူအောင် ခမ်းနားလွန်းလှပါတယ်။
နန်း(ရွှေအင်းလေး)
Comments
Post a Comment