ယောက္ခမ အိမ်​​ပေါ် ​ရောက်​ခါစ ​ချွေးမလေး



တော်​လိုက်​တဲ့ ​ချွေးမ​လေး

ယောက္ခမ အိမ်​​ပေါ် ​ရောက်​ခါစ ​ချွေးမလေး..

ယောက္ခမ ကို ကိုယ်​တိုင်​ ချက်​​ကျွေး ချင်​လို့ ဆိုပြီး မီးဖိုထဲ တကုတ်​ကုတ်​နဲ့ ချက်​ပြုတ်​ ​နေပါသတဲ့။ယောက္ခမကြီး ကလည်း ငါ့သား​လေး မိန်းမ ရ ​တော်​လိုက်​တာ ဆိုပြီး ပြုံးပြုံး ပြုံးပြုံး နဲ့ သ​ဘော​တွေ ကျ​နေတာ​ပေါ့။ထမင်းစားချိန်​ ​ရောက်​​တော့ စားပွဲ​ပေါ်မှာ အားလုံး ခူးခပ်​ ပြင်​ဆင်​ ​ပေးထားတဲ့ ​ချွေးမ​လေးရဲ့ အလိုက်​ သိမှု ကိုလည်း အမှတ်​ပြည့်​ ​ပေးလိုက်​ပြန်​ သတဲ့။

” ဟား ဒီ​နေ့​တော့ ငါ့​ချွေးမ လက်​ရာ​လေး စားရချည်​​ သေးရဲ့ အ​ဟေး​ဟေး .. ကဲကဲ ခူးခူး ”

” ဟုတ်​ကဲ့ အ​ဖေ ”

ကြည့်​စမ်း ကြည့်​စမ်း–

ယောက္ခမ ကို “အ​ဖေ” တဲ့ လိမ်​မာ လိုက်​တဲ့ က​လေး…ချွေးမ​လေးက ပန်​ကန်​ထဲ ထမင်း ခူးခပ်​ပြီး​တော့ ​​ယောက္ခမကြီး စားမယ်​ ဟန်​ပြင်​​တော့–

” ဟဲ့ သမီး နင့်​ ထမင်းက ​ပျော့ပြဲ နေပါလား ”

” ဪ ဟုတ်​တယ်​ အ​ဖေ အ​ဖေက သွား မ​ကောင်း​တော့​လေ ဝါး​နေရမှာ စိုးလို့ တမင်ေ​ပျာ့ပျော့ ချက်​လိုက်​ တာပါ အ​ဖေ ”

” ​ဟေ အဲ့လိုလား အေး​အေး ရပါတယ်​ကွယ်​”



ဪ သိတတ်​ လိုက်​တာ.. ​ယောက္ခမ ဝါး​နေရင်​ သွားနာမှာ စိုးလို့ ​ပျော့​ပျော့ ပြဲပြဲလေး ချက်​ထား ​ပေးတာ တဲ့။

” အ​ဖေ စား​နော်​.. ​သမီး ခပ်​ထည့်​​ ပေးမယ်​ ဒါက ငါးမြင်း ဆီပြန်​ ”

” ​အေး​အေး ”

ထမင်း​ ပျော့ပြဲပြဲ​ လေးနဲ့ ငါးမြင်းတုံး​လေး ကိုမြုပ်​ပြီး စားကြည့်​ လိုက်​​တော့—

” ဟင်​ ဟဲ့သမီး နင့်​ငါးဟင်း ကလည်း ​ပေါ့ရွှတ်​ ​နေပါလား ”

” ဪ ဟုတ်​တယ်​ အ​ဖေ တမင်​ ​ပေါ့​ပေါ့​လေး ချက်​ထားတာ အ​ဖေက ​သွေးတိုး ရှိတယ်​ မဟုတ်​လား အာ့​ကြောင့်​​လေ ”

ဪ အ​ဖေမှာ ​သွေးတိုး ရှိလို့​ပေါ့​နော်​..

”အေး​အေး ​အေးပါကွယ်​ ”

ကြည့်​စမ်း ​ယောက္ခမ ကို ဂရုစိုက်​ပုံများမှန်းစမ်း ဒီ ဝက်​သား ဟင်း​လေး မြည့်​ကြည့်​ ရ ​အောင်​ ”​ယောက္ခမကြီးက ဝက်​သား တုံး​လေး ယူပြီး ထမင်းထဲ မြုပ်​လို့ အားရ ပါးရ ​လွှေး လိုက်​တယ်​ ဆိုရင်​ပဲ—

” ဟာ ထွီ ”

” ဟဲ့ နင့်​ ဝက်​သားဟင်းက ငံ တူး​ နေပါလား ”

ဪ မှားပြီ အ​ဖေ​ရေ ဒီဟင်းက အ​ဖေ့အတွက်​ မဟုတ်​ဘူး အ​ဖေ့သား အတွက်​ သူက ​သွေး​ပေါင်​ ခဏခဏ ကျတတ်​လို့ ​သွေးတိုး​အောင်​ တမင်​ ငံငံ​လေး ချက်​​ပေးထားတာ ”

” ​ဟေ ”



ဪ တတ်​လိုက်​တဲ့ ​ချွေးမ ​​သွေး​ပေါင်​ ကျတတ်​လို့ ​သွေးတိုး​အောင်​ အငံ ချက်​တာတဲ့ အင်း မှတ်​သား ထားရမယ်​ ​​ဆေးကျောင်း​တွေ ဘာ​တွေများ တက်​ခဲ့ဖူးလား မသိ ​ချွေးမ ပညာရှိ​လေး

” ဟဲ့ သမီး ဒါက ဘာဟင်း တုန်း ”

” ချဉ်​ရည်​ဟင်း ပါ အ​ဖေ ”

” မှန်း မြည်းကြည့်​ ရ​အောင်​ ”

” ရှလွတ်​ ”

” အမငီး ချဉ်​ ချဉ်​ လိုက်​တာ ဟယ်​ ”

” ဪ အ​ဖေကလည်း ချဉ်​ရည်​ဟင်း ပါဆို ချဉ်​ မှာ​ပေါ့ မချဉ်​မှာ စိုးလို့ သံပုရာ သီး​လေး ​တောင်​ ညှစ်​လိုက်​​သေး ”

” ဪ ​အေး​အေး ဟုတ်​ပါပြီကွယ်​ အမ​လေး ပါး တွေ​တောင်​ ​တောင်​သွားတယ်​တော်​လိုက်​တဲ့ ​ချွေးမ​လေး ”

” ​အေးကွယ်​ သမီးရဲ့​စေတနာ ​တွေနဲ့ဗိုက်​ပြည့်​​နေပါပြီ ထမင်းလည်း မစားနိုင်​​တော့ပါဘူး အသီးအရွက်​​ ကြော်​​လေးပဲ ဒီအတိုင်း စား​တော့မယ်​ ဟိုပန်​ကန်​ထဲက ဘာ ​ကြော်​လဲ သမိီး”

” ဟုတ်​ အ​ဖေ အဲ့ဒါ ကြက်​ဟင်းခါးသီးနဲ့ ကင်းပုန်​သီး ​ရော ​ကြော်​ထားတာ အ​ဖေ စားကြည့်​​လေ ”

” အမ​လေး သမီးရယ်​ ​ကြောင်​လျှာသီး နဲ့ တမာရွက်​ ​လေး​ပါ ထပ်​ထည့်​လိုက်​ ပြီးတဲ့ ဟာကို ”

” ဪ ရှာ​သေးတယ်​ အ​ဖေ​ရေ မ​တွေ့လို့ လို့ ”

” ဟဲ့ ဖလူးမ မသာမ နင့်​ကို ရွဲ့​နေတာဟဲ့ အရူးမ ရဲ့”

” ရှင်​ ”

“အမ​လေး အမ​လေး ​တော်​လိုက်​တဲ့ ​ချွေးမ​လေး”😁😁😁


ဆက်ဖတ်ရန် LInk ကို နှိပ်ပါ 
➥  https://just4444you.blogspot.com/

Credit - မြန်မာသတင်း

Comments