ဗုဒ္ဓဟူး သားသမီးတို့၏စိတ်နေစိတ်ထား



ဗုဒ္ဓဟူးသားသမီးတွေကတော့ အများနဲ့မတူတမှုထူးခြားသူတွေပါ။သူတို့ဟာ ရင့်ကျက်တည်ငြိမ်ကြသလို ကလေးတစ်ယောက်လိုလဲ အချစ်ခံခြင်ကြသူတွေပါ။

ဗုဒ္ဓဟူးသားသမီးများဟာ အေးဆေးစွာနဲ့ နေတတ်တဲ့နေ့နာမ်များပဲဖြစ်တယ်

အပြင်မှာအေးသလောက် အပေါင်းအသင်းတွေနဲ့တွေ့ရင်တော့

ပျော်ပျော်နေတတ်တယ် စကားချိုချိုနဲ့အတည်ပေါက်စတတ်နောက်တတ်တယ်။

ဗုဒ္ဓဟူးများဟာ ကိုယ်လုပ်တဲ့အလုပ်တစ်ခုကိုလုပ်မယ်လို့ဆုံးဖြတ်ထားရင်

ဖြစ်အောင်ကို ကြိုးစားပီးလုပ်တတ်တာ ဗုဒ္ဓဟူးပါ။ ကိုယ်တကယ်ဝါသနာပါတဲ့အရာကိုလုပ်ရင်လည်း

အောင်မြင်တတ်သလောက် စိတ်မပါတဲ့အရာဆိုရင်တော့ အောက်ဆုံးထိလက်လျော့ထားတတ်တယ်။


အလုပ်လုပ်တဲ့နေရာမှာအင်မတန်မှ စိတ်ကူးညာဏ်ကောင်းတယ်

ကိုယ်ဖြစ်ချင်တာကိုဘယ်တော့မှ လက်မလျော့တတ်တာဗုဒ္ဓဟူးပါ။

ဗုဒ္ဓဟူးများဟာမာနကို သိပ်ပီးအလေးမထားတတ်ဘူး။ စိတ်ဆိုးအောင်လုပ်ပီးရင်လည်း

ပြန်ချော့တတ်တာ ဗုဒ္ဓဟူး။ သူငယ်ချင်းတွေကြားထဲမှာ အချစ်ခံချင်ကြတယ်။

သူ့အပေါ်အလေးထားတဲ့သူဆိုရင် သူဟာအရမ်းကောင်းတယ်။

စကားချိုချိုလည်းပြောတတ်သလို မျက်နှာအနေအထားပွင့်လင်းတယ်။

တခါတလေ လူကြီးဆန်ဆန်နဲ့နေတတ်သလို 

တခါတလေ ကလေးလေးဆန်ဆန်နဲ့အတည်ပေါက်စနောက်တတ်တယ်။

မိသားစုထဲမှာ ကိုယ့်ကိုချီးမွန်းတာကိုခံချင်တယ်။

ကိုယ့်ထက် အကြီးဖြစ်စေ အငယ်ဖြစ်စေကိုယ့်ထက်ဂရုစိုက်ပေးပီး

ကိုယ့်ကိုပစ်ထားကြရင် ဝမ်းနည်းလွယ်တတ်တာဗုဒ္ဓဟူး။ သို့ပေမဲ့ မိသားစုကိုအရမ်းချစ်တယ်။


ဗုဒ္ဓဟူးတွေဟာ စိတ်ကူးသစ် အမြင်သစ်နဲ့ မိတ်ဆွေအသစ်တွေကိုလည်း ရှာဖွေလေ့ရှိပါတယ်။

သို့ပေမဲ့ အဟောင်းကိုမေ့လားဆိုလည်း အဟောင်းတွေကိုလည်းမမေ့တတ်ပါဘူး။

ကိုယ့်အပေါ်ကောင်းတဲ့သူဘက်ကို ပိုးပီးအလေးထားဆက်ဆံတယ်။

ဗုဒ္ဓဟူးတွေဟာ ကိုယ့်ကိုယုံအောင်လာပြောရင်လည်း အယုံလွယ်တတ်တယ်။

ဗုဒ္ဓဟူးများဟာ ဒေါသဖြစ်ရင်လည်း မျက်ရည်တွေပေါက်ပေါက်ကျတယ်။

ဝမ်းနည်းမှုဖြစ်စေ ဒေါသဖြစ်စေ ဖြစ်လာရင်လည်း စိတ်ထဲမှာ 

အကြာကြီးအစွဲမထားတတ်တာ ဗုဒ္ဓဟူးပါ။

ဗုဒ္ဓဟူးများဟာ အားနေရင် ခင်မင်ရတဲ့သူတွေကို ဟာသပြောရတာတွေ သီချင်းနားထောင်တာတို့

သို့မဟုတ် game တွေဆော့ရတာကိုဝါသနာပါတယ်။

ကိုယ်တကယ်ချစ်ရတဲ့သူနဲ့ဝေးနေရင်

သူကမလာရင် ကိုယ်ကသူ့ဆီကို အရောက်သွားချင်တတ်ကြတဲ့စိတ်ထား ဗုဒ္ဓဟူးမှာရှိတယ်။

ဗုဒ္ဓဟူးတွေရဲ့ အချစ်ရေးကတော့...

ကိုယ့်ရဲ့ တော့ကီတွေကြောင့်စန်းအလွန်ပွင့်သလို

တခါတလေ ကိုယ်ပဲခံစားနေရတာ ဗုဒ္ဓဟူး။


ဗုဒ္ဓဟူးသားသမီးများဆီသို့ လက်ဆင့်ကမ်း မျှဝေလိုက်ပါ...

source - green light block

Comments