စာရေးဆရာမ ကြည်အေးရဲ့ မီ ဝတ္ထုကို ရုပ်ရှင်ပြန်လည်ရိုက်ကူးမှုအပေါ် ဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။ မီ ဟာ ဆရာမကြီး ကြည်အေးရဲ့ အရမ်းကို အောင်မြင်ခဲ့တဲ့ ဝတ္ထု ဖြစ်ပြီး လက်ရှိ မြန်မာ့ရုပ်ရှင် ရိုက်ကူးတဲ့ နည်းစနစ်တွေ ကြောင့်လည်း ပိုမို ဝေဖန်မှုတွေ ရှိနေတယ်လို့ ဆိုရမှာပါပဲ။
ဒါပေမယ့် မီ အဖြစ် သရုပ်ဆောင်မယ့် မင်းသမီး ပိုင်ဖြိုးသုကတော့ သရုပ်ဆောင်တာ မဖြစ်ချင်ဘူး။ မီဖြစ်ဖို့ ပဲ ကြိုးစားမယ်လို့ ဆိုပါတယ်။ ဒီဇာတ်လမ်းက ဆရာမကြီးကြည်အေးရဲ့ စာဖတ်ပရိတ်သတ်တွေ သိပ်ကို စွဲလမ်းခဲ့ရတဲ့ ဝတ္ထု ဖြစ်တာမို့ သူမအနေနဲ့ သရုပ်ဆောင်ဖို့ အရမ်းကို တာဝန်ကြီးပြီး စိတ်လှုပ်ရှားနေမှာတော့ အမှန်ပါပဲ။ သူမအနေနဲ့လည်း အကောင်းဆုံး ပြင်ဆင်ထားခဲ့ပြီး မီ ရုပ်ရှင် ကိုတော့ အခုအချိန်မှာ စတင် ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။
စစ်ပြီးကာလကို ရည်ညွှန်းတဲ့ ရုပ်ရှင်တစ်ကား ဖြစ်တာမို့ အဝတ်အစားက အစ၊ ကားတွေ၊ အသုံးအဆောင်တွေကို သေချာ စုဆောင်းပြင်ဆင်ခဲ့တယ်လို့ ဒါရိုက်တာ ဏကြီးက စာနယ်ဇင်းမိတ်ဆက်ပွဲက အင်တာဗျူးတွေမှာ ဆိုခဲ့ပါတယ်။
မီ ရုပ်ရှင်ဇာတ်ကားကိုတော့ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ အဖြစ် ဏကြီးက ရိုက်ကူးသွားမှာ ဖြစ်ပြီး နေတိုး၊ ရဲအောင်၊ မင်းဦး၊ သားညီ၊ မင်းသွေးနဲ့ ပိုင်ဖြိုးသုတို့က ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ပိုင်ဖြိုးသုရဲ့ Victoria ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူး ထုတ်လုပ်တာ ဖြစ်ပါတယ်။
Credit - Zin
Comments
Post a Comment