တကယ်လို့ များ
မင်းတို့ရင်ထဲမှာ မိန်းကလေးတစ်ယောက်ကို တကယ်မချစ်ရင် မျှော်လင့်ချက်တွေ သိပ်မပေးပါနဲ့-------!

မင်းတို့ အသိစိတ်ထဲမှာ မိန်းကလေးတစ်ယောက်ကို
စိတ်ဝင်စားမှု အားနဲခဲ့ရင် သံယောဇဉ်တွေ ထပ်မပေးပါနဲ့-------!

မင်းတို့အတွေးထဲမှာ အပိုချိန်တွေ အကုန်မခံနှိုင်ရင် အချစ်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး နှောင်ကြိုးဖွဲ့ ကြိုးကိုင်ဖို့ မကြိုးစာချင်ပါနဲ့-------!

တကယ်လို့ များ
မင်းတို့ ခေါင်းထဲမှာ ဝေခွဲမှု အားနဲနေရင် ဟန်ဆောင်မှုမကင်းတဲ့ မျက်ရည်ချပြပြီး သံယောဇဉ်တော့ ခုတုံးမလုပ် မပါနဲ့-------!

တကယ်လို့ များ
မင်းတို့အမှန် လို့သတ်မှတ်ထားတဲ့ လုပ်ရပ်မျိုး တွေ လုပ်ခဲ့ပြီး ပြီဆိုရင် နောင်တကင်းလျှက် တာဝန်ကျေဖို့ တာဝန်ရှိရှိ တာဝန်သိသိ ခံယူရဲတဲ့ အင်အားမျိုး မင်းတို့ ပိုင်ဆိုင်ပြီလား ဆိုတာ အရင် စဉ်းစားဆုံးဖြတ်ဖို့ မမေ့ပါနဲ့-------!

သူ့နေရာမှာ ငါ့ညီမ အရင်းလေးသာဆိုတဲ့ စာနာစိတ် မမွေးတတ်သေးရင် နံနက်မိုးသောက်အလင်းရောက်လာတိုင်း မှန်ပြန်ကြည့်ဖို့ မမေ့ပါနဲ့-------!

တကယ် ပါ
အချစ်ဆိုတာ နားလည်မှုရှိမှ ခိုင်မြဲတာ ဆိုပေ
မယ့် ရင့်ကျက်တဲ့ စုံတွဲ တွေကြားမှာ သဝန်တိုမှုအားနည်းတာ မှန်တယ်ယုံကြည်မှုကို အသုံးချ
ပြီး မမြင်ကွယ်ရာမှာ သစ္စာ မစောင့်စည်းတတ်တဲ့ ချစ်သူမျိုးက နောက်ကျောကို ဓါးစိုက်ခဲ့ရင် ဘယ်လို မိန်းကလေးမျိုးကမှ ရှေ့ဆက်လက်တွဲဖို့ မရည်မှန်းကြတော့ဘူးဆိုတာ မင်းတို့ သိထား ပေးပါ-------!

တကယ် လက်တွေ့မှာ
လိုအပ်ချက်တိုင်းကို နှစ်ခါပြန် ဖြည့်ဆည်းပေး နှိုင်
ကြပေမယ့် ယုံကြည်မှု နှစ်ခါပြန် ရဖို့ဘယ်လိုမိန်းက
လေးမျိုးကမှ ထပ်ပေးဖို့ မဝံ့ရဲကြတော့ဘူး ဆိုတာ
မင်းတို့ သိနှိုင်ပါစေ-------!

တကယ်တမ်း ကျတော့
အချစ်ဆိုတာ တိုက်ဆိုင်မှု ရှိလာလိုက်တိုင်း
လွမ်းဆွတ် တမ်းတနေခြင်း မျိုး သတိရ လိုက်
တိုင်း နာကြည်းမှု ကင်းနေတာမျိုး-------!

ကျေးဇူးတင်ပါတယ်။
လေးစားစွာဖြင့်.. ...
ဘုဏ်း ခန့်ကျော်
credit to ဘုဏ်းခန့်ကျော်
Comments
Post a Comment