“သစ်ပင်မြင့်ရင် လေတိုက်တာ ခံရတယ်” လို့ ဆိုလာတဲ့ ဖြူဖြူထွေး

ပြန်လည်မျှဝေလိုက်ပါ..



ဖေ့စ်ဘွက်မှာနာမည်ရနေတဲ့ ကျောင်းသူလေး ဖြူဖြူထွေးတစ်ယောက်ကတော့ သစ်ပင်မြင့်ရင် လေတိုက်တာ ခံရတယ် လို့ ပြောလာပါတယ်။





ကျောင်းတက်နေရင်း ဟာသဗွီဒီယိုဖိုင်လေးတွေ ဖေ့စ်ဘွက်မှာတင်ရာက အောင်မြင်လာတဲ့ သူမက ခုတော့ အနုပညာအခွင့်အလမ်းတွေ ရနေပြီ ဖြစ်ပါတယ်။





ဒီနေ့ (ဒီဇင်ဘာလ ၁၆ ရက်) မှာတော့ ဆရာတော်တစ်ပါးရဲ့ ဒဿနလေးတွေကို ပြန်လည် ရေးသားပြီး သူမရဲ့ ဖေ့စ်ဘွက်မှာ တင်လိုက်တာ ဖြစ်ပါတယ်။




“သစ်ပင်မြင့်ရင် လေတိုက်တာ ခံရတယ် မြက်တွေ သိပ်နိမ့်ရင် သူများနင်းတာ ခံရတယ် လေတိုက်တာ ခံမလား ?? ခြေနင်းတာ ခံမလား?? ဆိုတဲ့စကားလေး သိပ်ကြိုက်တာပဲ အချစ်တို့ရော ဘယ်ဟာရွေးမလဲ။ ကိုးဘွဲ့ရဆရာတော်ဘုရား” ဆိုပြီး ရေးထားတာပါ။




ကြော်ငြာတွေ ဆက်တိုက်ရိုက်၊ ပွဲတွေတက်နေရတဲ့ ဖြူဖြူထွေးက လောလောဆယ် ကော်ဖီကြော်ငြာတစ်ခုရိုက်ထားပြီး၊ ဒီနေ့လည်း ရုံးချုပ်ကို ရောက်နေတယ်လို့ ဆိုပါတယ်။







Photo Phyu Phyu Htwe credit pannpwint

ပြန်လည်မျှဝေလိုက်ပါ..

Comments