တက္ကသိုလ် အသီးသီးက ကျောင်းပြီးပြီး ဘွဲ့ရလာတဲ့ကလေးမလေးတွေက
"အမရယ် သမီးတို့ ကျောင်းသားပြီးသွားတယ် ဘာလုပ်ရမှန်းမသိဖြစ်နေတယ် ။ ဘာလုပ်ရင်ကောင်းမလဲဟင်" လို့
လူကိုယ်တိုင် တစ်မျိုး ၊ Chat Box က တစ်သွယ် ၊ Phone နဲ့တစ်ဖုံနဲ့ လာလာမေးကြရင် တစ်ခုတည်းသော အဖြေကို သာ ဖြေချင်ပါတယ်။
"အရူးမ လုပ်ကြပါ"
နောက်တာမဟုတ်ဘူး။
တကယ်ပြောတာပါ။
"အရူးမ" ဖြစ်အောင် ကြိုးစားပါ။
ဟိုလိုလို ဒီလိုလို ယောင်ခြောက်ဆယ်တွေလုပ်မယ့်အစား
တစ်စုံတစ်ခုကို စိတ်နှစ်ပြီး ရူးရူးမိုက်မိုက်နဲ့ကို စွန့်စားပြီး ကြိုးစားစေချင်ပါတယ်။

အထူးသဖြင့် UCSY က သမီးတော်လေးတွေ
Programmer လုပ်ချင်တာလား
Developer လုပ်ချင်တာလား
Bank မှာလုပ်ချင်တာလား
Model လုပ်ချင်တာလား
မင်းသမီးလုပ်မှာလား
ယောကျာ်းယူချင်တာလား
ဒါမှမဟုတ် အခုမြန်မာနိုင်ငံမှာ အရမ်းကို Hot နေတဲ့
Entrepreneur ပဲ ဖြစ်ချင်တာလား
.................စသဖြင့် စသဖြင့် စသဖြင့် ကိုယ်ဟာကိုယ် ဘာဖြစ်ချင်တာလဲ သေချာစဉ်းစားပါ။

ဒီနေရာမှာလာပြီးတော့ 'သူငယ်ချင်းကတော့ ဒါလေးလုပ်မယ်ပြောတယ် ။ ရည်းစားကတော့ ဘာလုပ်ခိုင်းနေတယ်" ဘာညာ ကွိကွ တွေ ခေါင်းထဲ သိပ်မထည့်နဲ့။
Career ရွေးချယ်တယ်ဆိုတာ ကိုယ်တစ်သက်လုံးလျှောက်ရမယ့်လမ်းကို ရွေးချယ်တာပါပဲ။
ကိုယ်နဲ့ ကိုက်တယ် ။ ကိုယ်လည်းကြိုက်တယ်ဆိုရင် ရဲရဲဝံ့ဝံ့သာရွေးလိုက်ကြပါတယ်။
ဒါဟာ ခင်ဗျားလေးတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးပဲ။
ဒါကိုမှ တစ်စုံတစ်ယောက်ရဲ့ တားမြစ်ခြင်းခံရတယ်ဆိုရင် လူအခွင့်အရေးချိုးဖေါက်ခံရတာပါပဲ။
ဒါဟာ ခင်ဗျားတို့ကို မလေးစားတာ ၊ စော်ကားတာ ၊ အထင်သေးတာ ၊ မယုံကြည်တာ။
ဒီလိုတွေ အဖြစ်မခံကြစေချင်ဘူး။

ရွေးပြီးရင်လည်း
အောင်မြင်အောင်သာ ရူးသွပ်လိုက်ကြ။
အတောက်ပဆုံး လင်းလက်လိုက်ကြ။
အမြင့်မားဆုံး ပျံသန်းလိုက်ကြ။
အောင်မြင်အောင်သာ ရူးသွပ်လိုက်ကြ။
အတောက်ပဆုံး လင်းလက်လိုက်ကြ။
အမြင့်မားဆုံး ပျံသန်းလိုက်ကြ။
လူတကာလျှောက်တဲ့ လမ်းမဟုတ်တော့ ကြမ်းတမ်းမှာတော့ အာမခံတယ်။
ပုံမှန်ထက်ပိုပြီး ပင်ပန်းမယ် ။ ခက်ခဲမယ် ။ ဆင်းရဲမယ်။

သေချာတာကတော့ ခင်ဗျားလေး တို့သာ ကိုယ်ရွေးချယ်ရာကို
စိတ်အားထက်သန်စွာ ရူးသွပ်လိုက်တာနဲ့ ဘာပဲ ကြုံကြုံ အောင်မြင်မှာချည်းပဲ။

သတင်းလေးတစ်ခုပေးချင်တာက
ဒီနိုင်ငံ ရဲ့ နယ်ပယ်အသီးသီးမှာ
အမျိုးသမီး Top Level နေရာတွေတော်တော်များများ
လူလွတ်နေသေးတယ်ဆိုတာပဲ။

သာမန် Level တွေလား ?
လူတွေများလွန်းလို့ နေရာတောင်မလောက်ဘူး ဟယ်။
ကျပ်ညှပ်နေတာပဲ။

နိုးအနေနဲ့ ကတိပေးနိုင်တာတစ်ခုကတော့
"ရူးသွားအောင်ကြိုးစားရင် ထူးခြားစွာ လင်းလက်တောက်ပလာပါလိမ့်မယ်"။

အားလုံးပဲရူးနိုင်ကြပါစေ။
credit to Ma Khin Myat Noe
Comments
Post a Comment