ရဲတိုက်က သူ့ရဲ့ official page မှာ ရဲတိုက် လွတ်လွတ်လပ်လပ်ပျော်နေသည်ဆိုပြီး သူ ဖူးခက်ကို မသွားခင်မှာ ဓာတ်ပုံတင်ခဲ့ပါသေးတယ်။ အခုအချိန်မှာတော့ ရဲတိုက်က ထိုင်းနိုင်ငံ ဖူးခက်ကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။
ခရီးသွားစဉ်တောက်လျှောက် ဓာတ်ပုံတွေ တင်ပေးနေရင်း သူဘယ်ရောက်နေလဲဆိုတာကို သူ့ပရိတ်သတ်တွေ သိစေဖို့ ရည်ရွယ်ပုံရပါတယ်။ သူက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ကလေးတွေစာသင်ကြတဲ့ ကိုထူးချစ်ရဲ့ united learning centre, Khuk Khak ရွာကိုလည်း ရောက်ရှိခဲ့ပြီး အဲ့ဒီက ကလေးတွေရဲ့ ဘဝကို အနီးကပ် လေ့လာခဲ့ပါသေးတယ်။
မကြာသေးခင်ကမှ ထောင်က လွှတ်လာခဲ့တဲ့ ရဲတိုက် သူပြောခဲ့သလိုပဲ ခရီးတွေတောက်လျှောက်ထွက်နေဆဲပါ။ ခရီးတွေသွားပြီးတဲ့နောက်မှာတော့ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို ပြန်လည်တွေ့မြင်ရဖို့ မျှော်လင့်နေပါတယ်။ သူက ဆာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ပဲ အနုပညာလှုပ်ရှားမှုတွေ ဆက်လက်လုပ်သွားဖို့ရှိနေပါတယ်။
ခရီးတွေသွားရင်း လွတ်လွတ်လပ်လပ်ပျော်နေတဲ့ ရဲတိုက်ရဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ပြန်လည်တွေ့မြင်ရဖို့ မျှော်လင့်နေကြတဲ့ ပရိသတ်တွေလည်း အများကြီး ရှိမယ်ထင်ပါတယ်။
➥ https://just4444you.blogspot.com/
Credit - Zin









Comments
Post a Comment