ခုလိုဆောင်းရာသီမှာ ရေချိုးရမှာချမ်းတာနဲ့ ပျင်းတာနဲ့ အိပ်ယာထနောက်ကျလို ရေမချိုးလိုက်ရခြင်းများ ဖြစ်တတ် ပါတယ်။အဓိက ဆောင်းရာသီမှာ ကိုယ်တွင်းအပူနဲ့ အပြင်ကအအေးဓာတ်နဲ့ ညီမျှဖို့က အရေးကြီးပါတယ်။ ဝမ်းချုပ်တတ်တဲ့သူတွေအနေနဲ့ ခန္ဓာကိုယ်အတွင်း အပူများခြင်းကြောင့် ပါးစပ်အတွင်း၊ နှုတ်ခမ်းသားတွေ၊ လျှာအောက်ခြေ၊စတာတွေမှာ အပူကန်ခြင်းတွေဖြစ်တတ်ပါတယ်။ ပါးစပ်ထဲမှာ အပူကန်ခြင်းအပြင် အနာတွေလည်း ပေါက်တတ်ပါတယ်။
ခံတွင်းယားယံခြင်း၊ သွားတိုက်တဲ့အခါ မတော်တဆထိုးမိသွားခြင်း၊ နီရဲရောင်ကိုင်းလာခြင်း၊ အစာဝါးတဲ့အခါ အပူအစပ်စားမိရင် မခံမရပ်နိုင်ဖြစ်ခြင်း၊တို့်ဖြစ်ကြပါတယ်။ ရိုးရိုးအပူကန်ခြင်းဆိုရင်တော့ ရေများများသောက်ပေးရင် သုံးလေးရက် လောက်နဲ့ပျေက်ကင်းနိုင်ပါတယ် ။နာက်တစ်ခုက သံဓာတ်ချို့တဲ့ခြင်း၊ အစားအစာဓာတ်မတဲ့ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ဟော်မုန်းမမျှတခြင်း၊ တို့ကြောင့် လည်းခံတွင်းအနာဖြစ်တတ်ပါ တယ်။
ခံတွင်းအပူကန်ခြင်းအတွက် အုန်းနို့ရည်ကို တစ်နေ့ (၅) ကြိမ် ပလုပ်ကျင်းပေးပါ။တရုတ်နံနံပင် ကိုပြုတ်ပြီးပြုတ်ရည် နည်းနည်းလေးကို ပလုပ်ကျင်းပေးပါ။တစ်နေ့ကို (၅) ကြိမ်လုပ်ပေးရပါမယ်။
ပြီးတော့ ပင်စိမ်းရွတ်လတ်လတ်ဆတ် ဆတ်ကို ၄-၅ ရွက်လောက်ကို တနေ့ (၄) ကြိမ်ဝါးစားပေးပါနော်။အနီရောင်ခရမ်းချဉ်သီး ကိုလည်းအစိမ်းလိုက်ဝါး စားပေးပါ။ပျားရည်စစ်စစ်နဲ့ နနွင်းမှုန့်ကိုဆတူရောပြီး ခံတွင်းမှာပေါက်တဲ့အပူကန်နာ တွေကိုလိမ့်ပေးပါ။
ဆားတစ်ဇွန်ကို ရေခပ်နွေးနွေးဖြင့် ခံတွင်းအတွင်း ခဏလေးငုံပြီးထွေးထုတ်ပေးပါနော်။ (ဆားက အနာထဲပိုးမဝင် အောင်ကာကွယ်ပေးပါတယ်။)နောက်တစ်ခုက ရေအေးတစ်လှည်း ရေနွေးတစ်လှည်း ငုံပြီးပလုပ်ကျင်းပေးပါ။အပူ ကန်နာပေါ်ကိုရေခဲလေးတွေ ကပ်ပေးလည်းရပါတယ်။
ရှားစောင်းလက်ပပ် ပင်ကိုလူတိုင်းသိမှာပါ သူရဲ့အာနိသင်က အရာရာတိုင်းအသုံးဝင်လို့နေပါတယ်။ ခုလည်းသူရဲ့အနှစ်(ဂျယ်လီ)လိုမျိုးကို ခံတွင်းနာပေါ်အုံပေးထားပါ။ဝမ်းမှန်စေဖို့ အတွက် ဗီတာမင်စီဓာတ်ကြွေဝတဲ့ ဒိန်ချဉ်ကိုလည်း ဆေးတစ်ခွက်အနေနဲ့ စားပေးပါ။
သလဲသီးကိုလည်းစားပေးနိုင်ပါ တယ်။အပုကန်ပြီး ကိုယ်လက်မအီမသာဖြစ်နေတဲ့သူတွေ အနေနဲ့ ကြံရည်ကို အပူငြိမ်းဖို့၊ပရိုတင်းဓာတ်ကြွေဝဖို့ သောက်ပေးနိုင်ပါတယ်။
ခုဖော်ပြပေးခဲ့တာကတော့ ခုလိုဆောင်းရာသီအချိန်ခါမှာ အပြင်ကအအေးဒဏ်နှင့် ခန္ဓာကိုယ်တွင်းက အပူချိန်မမျှတ မှု့ကြောင့် ဖြစ်ပေါ်လာတဲ့ အပူကန်ခြင်းတွေကို သက်သာပျေက်ကင်းစေတဲ့ တိုင်းရင်းရိုးရာ ဆေးစွမ်းကောင်းလေးတွေ ဖြစ်ပါတယ်။ အလွယ်တကူရနိုင်သလို အချိန်မကုန် ငွေမကုန်ပဲ ခံတွင်းအပူကန်ခြင်းကို သက်သာအောင်ပြုလုပ်တဲ့ ဒီနည်းလမ်းလေးတွေက (၁)ပတ်လောက်လုပ်ကြည့်လိုက်ရင်ဖြင့် သက်သာစေမဲ့နည်းလမ်းလေးတွေဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလိုလေးတွေလုပ်ပေမဲ့ မသက်သာတဲ့အခါမှာတော့ ဆရာဝန်နဲ့ပြပေးဖို့တောင်းဆိုချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒါဟာရိုးရိုးအပူကန်ခြင်းမဟုတ်တော့ဘဲ တစ်ခြားသောနည်းတွေနဲ့ အနာအဖြစ်တည်ရှိနေလိုပဲဖြစ်ပါတယ်။ ဒါကြောင့် ရေများများသောက်ဖို့ လေ့ကျင့်ခန်းလေးပုံမှန်လုပ်ပေးခြင်းကလည်း ချွေးထွက်များပြီး ကိုယ်တွင်းကအပူ တွေငြိမ်းအေးစေမှာဖြစ်ပါတယ်။
ကျန်းမာပျော်ရွင်တဲ့ ဘဝတစ်ခုကို တည်ဆောက်နိုင်ကြပါစေ။
Credit - Myanmarload
Comments
Post a Comment