တိရိစ္ဆာန်အရှင် အဆောင်လက်ဖွဲ့
တိရိစ္ဆာန်အရှင်တွေကို အလုံပိတ် ထည့်သွင်းထားကာ ကံကောင်းခြင်း အဆောင်လက်ဖွဲ့အဖြစ် တရုတ်နိုင်ငံမှာ ရောင်းချပါတယ်။
ဒွန်ယန်းကြက်ဥပြုတ်
ဒွန်ယန်းဆိုတဲ့ တရုတ်နိုင်ငံက မြို့လေးဟာ စားကောင်းသောက်ဖွယ်တွေ ရရှိနိုင်တယ်လို့ နာမည်ကြီးပါတယ်။ အဆိုပါမြို့က ကြက်ဥပြုတ်ဟာ ရေနဲ့ပြုတ်တာ မဟုတ်ဘဲ ငယ်ရွယ်တဲ့ လူပျိုကောင်းလေး တစ်ယောက်ယောက်ရဲ့ ကျင်ငယ်ရေနဲ့ ပြုတ်ပါသတဲ့။
တရုတ်လူပျိုကြီးများ
၂၀၁၂ ခုနှစ်က တရုတ်နိုင်ငံမှာ အမျိုးသားဦးရေဟာ အမျိုးသမီးဦးရေထက် သန်း ၄၀ လောက် ပိုများနေတယ်လို့ ဆိုပါတယ်။ တရုတ်အစိုးရဲ့ ခန့်မှန်းချက်အရ ၂၀၂၀ ခုနှစ်အရောက်မှာ တရုတ်လူပျိုကြီးတွေ သန်း ၃၀ အနည်းဆုံးရှိနေမယ်လို့ သိရပါတယ်။
Sexy ဆန်ဆန် မက်မွန်သီးထုပ်ပိုးမှု
တရုတ်နိုင်ငံမှ မက်မွန်သီးကို အမျိုးသမီးအတွင်းခံ ဘောင်းဘီပုံစံ ဇာပိတ်စလေးတွေနဲ့ ထုတ်ပိုးရောင်းချပါသတဲ့။
မတော်တဆ အဝေးပြေးလမ်းပေါ် ရောက်သွားတဲ့ တိုက်ခန်း
တရုတ်နိုင်ငံမှာ လူနေတိုက်ခန်းတွဲကို အဝေးပြေးလမ်းမပေါ် ရောက်နေအောင် မှားယွင်းဆောက်လုပ်ခဲ့ပါတယ်။ အဲဒီ တိုက်ခန်းတွဲကို ဒီအတိုင်းပဲ ဆက်လက်ထားရှိပါသတဲ့။
စံချိန် ရှန်ဟိုင်း ယာဉ်ကြောပိတ်ဆို့မှု
ရှန်ဟိုင်းမှာ ဖြစ်ပွားခဲ့ဖူးတဲ့ ယာဉ်ကြောပိတ်ဆို့မှုက စံချိန်တင်ခဲ့ပါတယ်။ မော်တော်ယာဉ်တန်း အရှည် ၆၂ မိုင်အထိရှိပြီး ၁၂ ရက်ကြာမြင့်အောင် ယာဉ်ကြောပိတ်ဆို့ခဲ့တာ ဖြစ်ပါတယ်။
Source & Photo: Tech&Facts
Credit - Duwun







Comments
Post a Comment